ကျောက်ကြီး စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နေ့လယ် (၁၁)နာရီက ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြီးမှူး၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ငွေ၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် စု(၄၁)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအတွက် ငွေကြေးထောက်ပံ့နိုင် ရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ငွေကြေး ထောက်ပံ့ရာတွင် ယခင် အခြေခံ စားသောက်ကုန် (၅)မျိုး ထောက်ပံ့ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများ၊ နေရပ်ပြန်မြန်မာ လုပ်သားများ၊ မိသားစုအလိုက် ပြန်လည် ဝင်ရောက်လာသူများအား ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက် ခံချက်ဖြင့် ကိုဗစ်−၁၉ ရောဂါကြောင့် လတ်တလော အလုပ်လက်မဲ့ဖြစ်သူများအား ထောက်ပံ့ ပေးနိုင်ရေး အတွက် မိမိ ရပ်ကွက်ကျေးရွာအုပ်စုအတွင်း ယခင်ထောက်ပံ့ပေးခဲ့ပြီးသည့် အိမ်ထောင်စုများ အမည်စာရင်းနှင့် မထပ်စေဘဲ ထပ်မံထောက်ပံ့ရန် လိုအပ်သည့် အိမ်ထောင်စု စာရင်းကို စာရင်းကောက်ယူရေးအဖွဲ့မှ စိစစ်ရမည့် ပူးတွဲပါအချက်(၃၀) နှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ပြီး အဖွဲ့လိုက် လက်မှတ်ရေးထိုးကာ စာရင်းဇယားပြုစု၍(၇-၉-၂၀)ရက် နေ့အရောက် မပျက်မကွက် ပြန်လည်တင်ပြရန် ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်က ရပ်/ကျေး အုပ်စု စာရင်း ကောက်ယူပြုစုရေး ကော်မတီဝင်များနှင့် သေသေ ချာချာ စိစစ်ပြီး အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသူများအား ရွေးချယ်တင်ပြရန် တိုက်တွန်းပြောကြားခဲ့သည်။ စာရင်း ကောက်ယူပြုစုရေး အဖွဲ့ဝင် ဦးအောင်သင်းမှ လက်ရှိဖြစ်ပွားလျက်ရှိသော ရောဂါနှင့် ပတ်သက်၍ သတိရှိရှိ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်