မြို့တွင်းမြို့ပြင်သွားလာရာတွင် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ မြို့တွင်းမြို့ပြင်သွားလာရာတွင် နှာခေါင်းစည်း (Mask) စနစ်တကျတပ် ဆင်သွားလာရေး၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေးတို့အတွက် မြို့၀င်ဂိတ် (၄) နေရာဖြစ်သော ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွလမ်း၊ ကြာအင်းဆိပ်ကြီး -အမှတ် (၄) ရပ်ကွက်ရှိ ဆိပ်ကမ်း၊ ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်း၊ ကြာအင်းဆိပ်ကြီး - ကော့ကရိတ်လမ်းများတွင် စစ်ဆေးအသိပညာပေးကာ နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပညာပေးကာလ (၃)ရက်ကျော်လွန်ပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)