မင်းတပ် စက်တင်ဘာ ၇
မင်းတပ်မြို့တွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို မင်းတပ် ကိုဗစ်-၁၉ Volunteerနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစျေးရှေ့တွင် ပြုလုပ်ကြကြောင်း သိရသည်။
မင်းတပ် ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ပြည်သူများ နှာခေါင်းစည်းများတပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏဆေးရန်၊ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်သွားလာကြရန် တို့ကို ပြည်သူများစိတ်ပါဝင်စားမှုရှိစေရန် အကဖြင့်သရုပ်ဖော် တင်ဆက်ခြင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အရပ်ဒေသများမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်ထားသည့် Quarantine Centre နေရာများတွင် ထားရှိရန်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ခြင်းများ ပြုလုပ်ကြသည်။
အဆိုပါ အသိပညာပေးလှုပ်ရှားမှုတွင် မင်းတပ် ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ငွေကျပ်တစ်သိန်ဖိုး နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)