ကျောက်ပန်းတောင်းမြို့နယ်ရှိ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများ၏ သယ်ယူပို့ဆောင် သွားလာစရိတ် ရက် (၃၀) စာပေးအပ်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်သွားလာစရိတ်တစ်ရက်လျှင် ငွေကျပ် (၁၃၅၀၀၀) နှုန်းဖြင့် စုစုပေါင်းရက် (၃၀) စာအတွက် ငွေကျပ် (၄၀၅၀၀၀၀) ကျပ် ထောက်ပံ့ ပေးအပ်ပွဲကို ယမန်‌နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က  လူမှုဝန်ထမ်းဦးစီးဌာနမှ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများအား Quarantine Center များသို့ လူနာအပို့အကြိုသယ်ယူစရိတ်အဖြစ် တစ်နေ့လျှင်ငွေကျပ် (၁၃၅၀၀၀) နှုန်းဖြင့် စုစုပေါင်းရက် (၃၀) အတွက် ငွေကျပ်သိန်း (၄၀) နှင့် (၅) သောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ နေ့တွက်စရိတ်ငွေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဆွေဦး၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်ကော်မတီဝင်များထံပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါပေးအပ်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးစိုးမင်းအောင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ ဒေါ်ဝင်းမာဦးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
နေအောင်(ပြန်/ဆက်)