မင်းလှမြို့တွင် သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ် ရေးဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာ ပေးပြီး အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၉

မကွေးတိုင်း‌ဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရန်အတွက်ဖုံး၊သွန်၊လဲ၊စစ်၊အသိပညာပေးပြီး အဘိတ် ဆေး ခတ် ပေးခြင်းလုပ်ငန်းများကို တောင်ရပ်ကွက်တွင်ယမန်နေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ   အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဇင်မာဝင်းနှင့်သားဖွားဆရာမများက ရပ်ကွက် အတွင်းရှိနေအိမ်များ၌ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် နေအိမ်ရှိဘုရားပန်းအိုးများ၊‌ ရေအိိုး၊‌ ရေစည်များတွင် ခြင်ပေါက်ဖွား မှုမရှိစေရန် အတွက်မကြာခဏရေလဲပေးရန်နှင့်ဖုံး၊သွန်၊လဲ၊စစ်အသိပညာပေး‌ ပြောကြားခဲ့ပြီး ရေစည်များ၊ရေအိုးများတွင်အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ် ကွေးရောဂါအသိပညာပေး လုပ်ငန်းများနှင့် အဘိတ်‌ဆေး ခတ်  ပေးခြင်း ကိုမင်းလှမြို့နယ်အတွင််းရှိရပ်ကွက်/ကျေးရွာများတွင်လည်း ကျန်းမာရေးဝန်ထမ်း များ က အိမ်တိုင်ရာရောက်ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)