ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ည မထွက်ရအမိန့် လိုက်လံနှိုးဆော်ခြင်းနှင့် စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များအား ဆိုင်ထိုင် ရောင်းချခြင်း မပြုလုပ်ရန်၊ ပါဆယ်သာ ရောင်းချရန်တို့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆)ရပ်ကွက်ရှိ လမ်းများ၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့ စက်ဖြင့် ညစဉ်လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။ ထိုသို့နှိုးဆော်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ထိခိုက်စေနိုင်ပြီး အသက်ဘေးအန္တရာယ် သေဆုံးမှုဖြစ်ပွားနိုင်ခြင်းများမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။