မင်းဘူး စက်တင်ဘာ ၉
စာရေးသူသည် တောရွာမှာမွေးဖွားပြီး တောဓလေ့ တောသဘာဝကိုကြိုက်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကိုချစ်မြတ်နိုးသည်။ ဒါကြောင့် စာရေသူရေးသားလိုက်တဲ့ သတင်းနဲ့ ဆောင်းပါး အတော်များများဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနဲ့ တောဓလေ့တောရွာများ အကြောင်ကများသည်။
စာရေးသူ ပြောချင်တာက မြန်မာ့ရိုးရာအမွေအနှစ်များထဲက မြန်မာလူငယ်ကလေးများ၏ ဝတ်စား ဆင်ယင်ပုံများပင်ဖြစ်သည်။ ယခုခေတ်ကာလ သားပျို သမီးပျိုလေးများသည်။ ရှေး ခေတ် အခါက အမျိုးသမီး အမျိုးသားများနဲ့မတူဘဲ ယောကျ်ားလေးများမှာ ဘောင်းဘီ ဖင်ကျပ် များဝတ်ဆင်ပြီးနားတွင် ပေသီးလုံးခန့်ရှိသည့် နားတောင်းကြီးများ ပန်ဆင်ကာ ခန္ဓာ ကိုယ်ပေါ်တွင် တက်တူး ရုပ်တွေက ထိုးထားလိုက်တာရွံစရာ၊ အမျိုးသမီးများမှာ ဆိုလျှင် လည်း ဂါဝန်တိုတို စကပ်တိုတို ထဘီရှေ့ကွဲနောက်ကွဲနဲ့ ခန္ဓာကိုယ်ပေါ်မှာ အဝတ်ဆို လို့ပါရုံ လောက်သာ တိုင်းတစ်ပါး ဝတ်စုံမျိုး ကိုတောင် ဝတ်နေကြသည်။
ထိုကြောင့် နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများဖြစ်တဲ့ သားငယ်သမီးငယ် လူငယ် လူရွယ် ကလေးများဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျှော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှု များနဲ့သာဝတ်ဆင်ကြပြီး မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် သိစေချင်ပါသည်။ မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာကိုအဓိကထားပြီး ကိုးကွယ်သော လူမျိျုးများ ဖြစ်သည့်အပြင် ဝတ်စားဆင်ယင်ပုံ များကလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများအားလုံး မြတ်ဗုဒ္ဓ၏ ယဉ်ကျေးမှု တရားတော်များနှင့်အညီ ရှေးဘိုးဘွား အစဉ်အလာအတိုင်း အမျိုးသားများမှာ တိုက်ပုံ နှင့် ပုဆိုး အမျိုးသမီးများ ဆိုလျှင်လည်း ရင်ဖုံးအင်္ကျီနှင့် ထဘီ (သို့) လုံချည်များဝတ်ဆင်ကာ ရိုးရာ ယဉ်ကျေးမှု အမွေကိုထိန်း သိမ်းကြစေချင်ပါသည်။
မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသ တောရွာများအဆုံး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များကို အတိမ်းအစောင်းမခံဘဲ မြန်မာတို့၏ အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုအလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှု ဆေးစုတ်တံဖြင့် စုတ်ချက် ကောင်းကောင်း ခြယ်သပြစေလိုပါသည်။ မြန်မာလူငယ်လူရွယ်ကလေးများသည် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုများကို ထာဝရပိုင်ဆိုင်ထားသင့်သည်။ ဤသို့ ဝတ်စားဆင်ယင် သည့်နေရာတွင် အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်း လွန်း၊ ခေတ်နောက် လည်း မကျလွန်း၊ ခေတ်ရှေ့လည်းမကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲ နှလုံးသားထဲမှာ မျက်စိ အကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ ရိုးရာဝတ်စုံဟာ ဒီဝတ်စုံ ဘာပဲဟု လက်ညှိုးထိုး ပြလိုက်ချင်ပါတော့ သည်။
ဇေယျာထက်(မင်းဘူး)