အောင်လံ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က အ-ထ-ကထ(၁)ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့် အညီနေထိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စျေးဆိုင်များ၊ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေရန် ပညာပေးခြင်း၊ မြို့အဝင်/ အထွက်ဂိတ်များစနစ်တကျထားရှိ ဆောင်ရွက်စစ်ဆေးခြင်း၊ တာဝန်ရှိ သူများက အထူးကြပ်မတ်စစ်ဆေးပြီး စည်းကမ်းလိုက်နာမှုမရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အဆင့်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်သက်ဆိုင်ရာ ကအလိုက် ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက် ကြရန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)