သရက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းဆိုင်ရာစည်းကမ်းချက်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းနှင့်  စုဝေးဟောပြောခြင်းဆိုင်ရာစည်းကမ်းချက်များ ညှိနှိုင်းအစည်းအဝေး ကို  ယမန်နေ့ နေ့လယ်(၁)နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းစိုးက အစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ် စည်းရုံးခြင်းနှင့်  စုဝေးဟောပြောခြင်းများကို ကျန်းမားရေးနှင့် အားကစား ဝန်ကြီး ဌာန၏လမ်းညွှန် ချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထား သော လိုက်နာရမည့် စည်းကမ်းချက်များအား အထူးအလေးထား သတိပြုဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်၊ ခရိုင်ဆရာဝန်ကြီးဒေါက်တာညွန့်ရွှေအောင်က ကျန်းမာ ရေးဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပါတီအသီးသီးမှ တက် ရောက် လာသူများက ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်း များ တွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်း ခဲ့ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(သရက်)