ကော့ကရိတ်၊ စက်တင်ဘာ ၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင် ပြည်နယ်၊ ကေ့ာကရိတ်မြို့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာကြေညာဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲဝင်များမှ ထပ်မံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်းများစစ်ဆေးရာတွင် ပထမကြိမ်ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ပြန်လည်ကြေညာနိုင်ရေးအတွက် ကေ့ာကရိတ်မြို့နယ် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များမှ တင်ပြလာသည့် မဲဆန္ဒရှင်စာရင်းများကို ပုံစံ (၃)၊ ပုံစံ (၄-ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များမှ ထပ်မံတိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)