ပန်းတနော် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေးပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျုံတိုင်းကြီး ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်ကိုကိုဝင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်လှသိန်းနှင့် တာဝန်ရှိသူများက ကျုံတိုင်းကြီး ကျေးရွားအုပ်စုရှိ ငါးမွေးတောင်သူ (၅၉)ဦး၏ ငါးမွေးမြူရေးကန် (၄၀၄၀.၁၇)ဧက အတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၈,၀၈၀,၃၄၀)ကောင်ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)