လားရှိုး စက်တင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင် ဘာလ ၈ ရက်နေ့က COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လားရှိုးမြို့နယ် အတွင်းရှိမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပညာ ပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ၊ မန်ကုန်း ကျေးရွာ၊ ကောင်းအိုင်ကျေးရွာနှင့် ကွန်ကျိုင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါမဖြစ်ပွား စေရန်ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်း အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်းစည်း အသုံးပြုရာတွင် လိုက်နာရမည့် အချက်များ သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခြင်း၊ COVID-19 ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ခြင်းဆိုင်ရာများကို အသိပညာပေး ခဲ့ကြကြောင်း သိရသည်။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လားရှိုးခရိုင်အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့ထိ စုစုပေါင်း (၆၂)ကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်းနေ ( ပြည်နယ် ပြန်/ဆက်)