ဒဂုံမြို့နယ်၌ အလိုအလျောက် အပူချိန်တိုင်းစက်ကရိယာဖြင့် ရောဂါရှာဖွေစစ်ဆေးပေး

ဒဂုံ    စက်တင်ဘာ    ၉


လတ်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ အလိုအလျောက် အပူချိန်တိုင်းစက်ကိရိယာဖြင့် ရောဂါရှာဖွေစစ်ဆေး ပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူနှင့် ဌာနဆိုင်ရာကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက  ယမန်နေ့ မွန်းလွဲ ၂နာရီက ဦးဝိစာရအိမ်ရာဝင်းပြည်သူများအား ကွင်းဆင်းစစ်ဆေးပေးကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိုးရိမ် ပူပန်မှု ကင်းဝေးစေရန်နှင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိရစေရန်အတွက် စစ်ဆေး ဆောင်ရွက်ရကြောင်းကို ကော်မတီဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူကပြောသည်။ စစ်ဆေး ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး  ဝန်ထမ်းများကတစ်ဦးချင်းအလိုက် အပူချိန်တိုင်း စက်ကရိယာဖြင့်  တိုင်းတာပေးပြီး ရောဂါကာကွယ်နိုင် မည့်  အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇာဖြူဝင်း(ပြန်/ဆက်)