မြစ်ကြီးနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်‌ပေါ်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၅)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနော်ရွှေပြည်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လသာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မယ်စဲ့မြို့နယ်၌ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုးကျရောက်မှုအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဝမ်ကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုး ကျရောက် နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ဝန်ထမ်းများ သည် ယနေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက စတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေးဝမြို့နယ် စည်ပင်သာယာရေးကော်မတီက ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပါးစပ် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခဲ့သည်။

ဟားခါး၌ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်မှု ရှိ၊မရှိ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ ညနေ ၅နာရီက ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဟားခါးမြို့ အဝင်ဂိတ်များနှင့် အဝေးပြေးကားဂိတ်တွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်တွင် ပျိုးသက်နုကောက်ကွက်ကျဲစနစ် (SRI) စိုက်ခင်းတွင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်းနှင့် သမန်းနှိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရေကို ချွေတာသုံးစွဲနိုင်သည့် သီးနှံစိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးလျက်ရှိရာ တွင် ပျိုးသက်နု ကောက်ကွက်ကျဲစနစ် (SRI) စိုက်ခင်းတွင် ကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းရှင်း ခြင်းနှင့် သမန်းနှိုးခြင်း လုပ်ငန်းများကို တောင်သူများ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှ ိကြောင်း သိရပါသည်။

ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးကောင်ရေ(၄)သိန်းခွဲ ငါးမျိုး စိုက်ထည့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်း ငါးကောင်ရေ (၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့ရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ မသန်စွမ်းသူ ၈၀၆ ဦးအား CERP အရ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မသန် စွမ်းသူ ၈၀၆ ဦးအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to