လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အိမ်တိုင်ရာရောက် ကိုယ်အပူချိန် လိုက်လံတိုင်းတာ

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကိုယ်အပူချိန် လိုက်လံတိုင်းတာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၈) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသည်။
ထိုသို့  ကိုယ်အပူချိန်  လိုက်လံတိုင်းတာပေးခြင်း      ဆောင်ရွက်ရာတွင် အမှတ်(၁၈)ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ကိုယ်အပူချိန်လိုက်လံ တိုင်းတာပေးသည့်အပြင် ရပ်ကွက်နေ ပြည်သူများအနေဖြင့် အပြင်သွားပါက နှာခေါင်းစည်း Mask များမဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန် လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန် ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)