အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် ဘုရင့်နောင်လမ်းမကြီးတစ်လျှောက်တွင် မြောက်ပိုင်းခရိုင်၊ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ ခရိုင်မှူး ဦးကြည်စန်း၏ လုပ်ငန်း၌ ဝန်ထမ်းများနှင့် လုပ်သားများ လမ်းလယ်တုံးများ ကွန်ကရစ်လောင်းခြင်း၊ ဆေးသုတ်ခြင်း၊ ဖြူနီကြားတိုင်များနှင့် လမ်းသင်္ကေတများ တပ်ဆင်ခြင်းများ ဆောင်ရွက်နေ သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေ ဂရုပြုဆောင်ရွက်ရန်နှင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုယ်ထူ ကိုယ်ထလမ်း Level မြှင့်တင်ပြုလုပ်နေသည့် လုပ်ငန်းများ၊ အောင်မင်္ဂလာ(၃)လမ်းကျန်ရှိ အပိုင်းအား မြို့နယ်လမ်းတံတားမှ ကွန်ကရစ်လောင်းရန် ပုံစံပြားရိုက် ပြင်ဆင်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)