ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေ လာ ကောင်းမွန်စေရန် ရည်ရွယ်၍ အုတ်ရေမြောင်းပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၇)နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းဘေးလမ်းနှင့် နောက် ကျောလမ်းများတွင် ခရိုင်ရေစီးရေလာစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံ အဖွဲ့မှ EE ဦးသန်းအောင်ဦး တာဝန်ယူ ဆောင်ရွက်နေသော အုတ်ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှု ပမာဏနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဖော့ကန်ရပ်ကွက်၊ အောင်ဇေယျာ လမ်းအတွင်း (၄၅၀x၅x ၅)ပေ မြောင်းပြုလုပ်နေသည့်လုပ်ငန်းခွင်သို့ သွားရောက် ၍ ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့သစ်(က+ခ)ရပ်ကွက်၊(ခ/၁၀)လမ်းနှင့်ရွာသစ်(၃)လမ်း တစ်လျှောက် ခရိုင်ရေစီးရေလာစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ EE ဦးသန်းအောင်ဦး တာဝန်ယူ ဆောင်ရွက်နေသော အုတ်ရေမြောင်းနှင့်မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)