မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းပရဟိတအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

မရမ်းကုန်း စက်တင်ဘာ ၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မရမ်းကုန်းမြို့နယ်​ ရွှေ ရောင်သမိုင်းပရဟိတအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း သုံး ပစ္စည်းများ လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) က PPE ဝတ်စုံ(၁၀၀)စုံ၊ Mask၊ မျက်မှန် (၁၀၀)ခု လက်အိတ်(၁၀၀)စုံ၊ ခြေအိတ်(၁၀၀)စုံကိုလည်းကောင်း၊ ဦးကျော်ဇင်လတ်(ကျင်းလုံမြန်မာ) မိသားစုက PPE ဝတ်စုံ(၁၀၀)စုံကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ရွှေရောင်သမိုင်းပရဟိတအသင်း ဥက္ကဋ္ဌ ဇွဲရန်နိုင်မှ လက်ခံရယူခဲ့ ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)