ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၌ လူသတ်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် ယမန်နေ့ည ၈ နာရီ အချိန် ခန့်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ထီးလင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး မြို့အဝင်ဂိတ်နေရာ၌ အရှိန်အဟုန်မြှင့် စစ်ဆေး ကြပ်မတ်ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ထီးလင်း-ကျောက်ထု ကားလမ်း မြို့အဝင် ဂိတ်နေရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာ(၄)ရွာတွင်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ၏ မိသားစုစားဝတ်နေရေးအခက်အခဲ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွှေကူမြို့နယ် တာလီကျေးရွာ၊ ပန်းတင်၊ လမ်းကူးနှင့် မြိုင်သာကျေးရွာတို့တွင် စက်တင်ဘာလ ၈ ရက်နေ့၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိုးနဲမြို့၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ( VDB ) ဖြင့် ဆောင်ရွက်သည့် နောင်လိုင် ကျေးရွာ အုပ်စု မလန်းကျေးရွာ နှင့်နောင်နိမ်း ကျေးရွာအုပ်စု ဝမ်ကတ်ကျေးရွာတို့တွင် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ယနေ့နံနက် ၉ နာရီကလင်းခေးခရိုင် နှင့်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြောင်း သိရသည်။

နမ့်စန်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်မှုအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများကို ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် SRHR (Sex and Reproductive Health and Rights) အဖွဲ့မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို Facility Quarantine အဆောက်အဦတွင် သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးအတွက် အသိပညာပေး နံရံစာစောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မဖြစ်မနေနေအိမ်ပြင်ပ ထွက်လာသူများအား နှာခေါင်းစည်းများ တပ် ဆင်ရေး အသိပညာ ပေးနှိုးဆော် နှာခေါင်းစည်းများနှင့် Face Shield များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ အချိန်က စစ်ကိုင်း မြို့၏ အချက်အခြာကျပြီး လူစည်ကားသည့်နေရာများတွင် အလှူရှင်များက ယာဉ်ထိန်း တပ်ဖွဲ့များနှင့်ပူးပေါင်း ၍ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်လာသူများအား နှာခေါင်းစည်း များ တပ်ဆင်စေခြင်းအသိပညာပေးနှိုး ဆော်ပေးကာ နှာခေါင်းစည်းနှင့် Face Shield များ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လဲချားတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောက်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင် လျှပ်စစ်မြစ်ရေတင် ကွင်းများတွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များအား စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီသိန်း၊ ခရိုင်SMSတာ၀န်ခံ (မြေ/မျိုး)နှင့်အဖွဲ့တို့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့ယာယီဈေး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ယာယီဈေး၌ နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to