ထီးလင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး မြို့အဝင်ဂိတ်နေရာ၌ အရှိန်အဟုန်မြှင့် စစ်ဆေး ကြပ်မတ်ဆောင်ရွက်

ထီးလင်း စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ရောဂါ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ထီးလင်း-ကျောက်ထု ကားလမ်း မြို့အဝင် ဂိတ်နေရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ထီးလင်း-ကျောက်ထု မြို့အဝင် ဂိတ်နေရာ၌ ဖြတ်သန်းသွားလာ နေကြသော ယာဉ်ကြီး ယာဉ်ငယ်များ၊ ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်မှု ရှိ/မရှိ နှင့် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း တို့ကိုလည်းကောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့် နှာခေါင်းစည်း(Mask) အလေးထား တပ်ဆင်သွားလာရေး တို့ကို လည်းကောင်း နေ့စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)