လှိုင်းဘွဲ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ လူစုလူဝေးများကို ရှောင်ပါ၊ ရုပ်ရှင် မင်းသား/သမီးများ၏ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနိုးဆော်ချက်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)