ကွန်ဟိန်းမြို့၊ ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအား ယနေ့ နံနက် (၆:၀၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဈေးရောင်းသူ၊ ဈေးဝယ်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မလိုအပ်ပဲ နေအိမ်ပြင်ပ သို့ မထွက်ခွာရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ပြည်သူများ သိရှိစေရန် ကျန်းမာရေးအသိပညာပေး ကြေညာချက် အား(မြန်မာ/ရှမ်း) နှစ်ဘာသာဖြင့် ကြေညာခြင်းများ ဆောင် ရွက်ခဲ့သည်။

MSME အစပျိုး Start-Up လုပ်ငန်းရှင်များအတွက် ပြုစုပျိုးထောင်ပေးမည့် အစီအစဉ်စတင်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစပျိုး Start-Up လုပ်ငန်းရှင်များနှင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များထံမှ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံနိုင်မည့် အစီအစဉ် စတင်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွား မှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲ ရှိသော ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားပြည်သူများအား ဆန် ဆီများထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အဇန်းတောစွန်း ကျေးရွာ အုပ်စု သဲကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော ပုံမှန်ဝင် ငွေမရှိသောအခြေခံ လူတန်းစားပြည်သူများအား ဗုဒ္ဓဘာသာ ချီကျိ ဖောင်ဒေးရှင်း(ရန်ကုန်) က ယမန်နေ့နံနက်ပိုင်းက ဆန်၊ဆီ များထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်း များ ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ဟိုပန်မြို့အဝင်/အထွက် ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ပြန်လည်ဆောင်ရွက်

(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ‌ရောဂါကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ပူချိန် တိုင်းတာခြင်း၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ စစ်ဆေး မေးမြန်းခြင်း၊ လူဝင်/လူထွက်စစ်ဆေး ခြင်းကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဆောင်ရွက် လျက်ရှိပါသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်တမ်းဆက်လက်ကောက်ယူ လျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အတွက်ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အလိုက် ကျန်းမာရေး စစ်တမ်း ဆက်လက် လိုက်လံ ကောက်ယူခြင်းကို ယမန်နေ့‌  နံနက် ၈ နာရီခွဲမှစ၍ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် စတင်ကောက်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြိုတွင် ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့ မနက် ၉ နာရီအချိန်တွင် လဟယ်မြို့‌ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပ သည်။

လှိုင်းဘွဲမြို့နယ်တွင် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့်ပိုးမွှားအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် ပိုးမွှားအန္တရာယ်ကြောင်း စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က တဝန်ဖန်ရကျေးရွာ တောင်သူဦးထူးကျော်၏ စပါးစိုက်ခင်းအတွင်း၌ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ Facility Quarantine Center ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိ

ပြင်ဦးလွင်မြို့နယ်၌ ကိုဗစ် − ၁၉ ကာလအတွင်း ရပ်ကွက်ကြီး (၅) ရှိ အလက(၂) ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ Community Base Facility Quarantine Center ဖွင့်လှစ်ရန်ကြိုတင် ပြင်ဆင်ခဲ့ကြသည်။
Subscribe to