ပုဗ္ဗသီရိ စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် ယမန်နေ့ည ၈ နာရီ အချိန် ခန့်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ပြည့်လျှမ်နှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နေအိမ်အပြင်ခြံဝန်းအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ညောင်ပင်ကြီးစုကွက်သစ်၊ အိမ်အမှတ်(၃)တွင်နေထိုင်သူ ဒေါ်မော်မော်လွင်စိုး၊ ၅၂ နှစ်သည် နေအိမ်အပြင်ခြံဝန်းအတွင်း ပေါက်ပြဲပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် အလောင်းအား နေပြည်တော်(ခုတင်-၁၀၀၀)ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပုဗ္ဗသီရိမြိုန့ယ် ပတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကံချွန်(ပြန်/ဆက်)