ဖရူဆိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့အတွင်းရှိ အော်တိုကြိုးဖုန်း များအား FWA ( Fixed Wireless Access ) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲ တပ်ဆင် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မြို့အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fixed Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲ တပ်ဆင်ပေးခြင်း လုပ်ငန်း ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ FWA (Fixed Wireless Access) နှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှု အရည်အသွေးများ ရရှိစေရန်အတွက် FTTH ( Fiber to the Home ) စသည့် စနစ်များကိုလည်း ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီး-ဟိုပုံးသွားလမ်းပေါ်ရှိ တိုးဂိတ်အနီး၌ ကိုဗစ် -၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းပေါ်ရှိ တိုးဂိတ်အနီး၌ ယမန်နေ့ ညနေပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးရလေအောင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ

ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ မိသားစု၀င်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုပျိုးနည်းလုပ်ငန်း ဒေသခံတောင်သူများ စိတ်ပါ၀င်စား

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချမ်းသာ စိုက်ပျိုး ရေးနည်းပညာပေးစင်တာ ( KC ) တွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်ကာလ မိသားစု ၀င် ငွေရရှိစေမည့် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုပျိုးနည်း ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုး ရေး စခန်းနယ်မြေ ဒေသခံတောင်သူ ၂၆ ဦးတက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ယာဉ်လိုင်းများ တွေ့ဆုံအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ယာဉ်လိုင်းများ တွေ့ဆုံအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှားတောမြို့၌ Facility Quarantine အဖြစ် ဖွင့်လှစ်ထားရှိမည့် အဆောက်အဦ နေရာများသို့ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားရာဒေသမှ ရှားတောမြို့နယ် အတွင်း ဝင်ရောက်လာမည့် ပြည်သူများအား Quarantine Centre တွင်

ဒဂုံမြို့နယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး(Stay at Home) နေထိုင်ရေး  အကျုံးဝင် ကြောင်း အသိပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍   ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိပြည်သူများ(Stay at Home)တွင် အကျုံးဝင်ကြောင်း

တနိုင်းမြို့နယ်၌ ဆာမ်ဆာ့နှင့် မုန်ဒိန်ရပ်ကွက်ရှိ ပျံကျဈေးနှင့် လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းရှိ ပျံကျဈေးနှင့် လူစည်ကားသည့်နေရာများတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံးမှပေးအပ်သော အိမ်တွင်းဖြစ် နှာခေါင်းစည်း(Mask)ချုပ်လုပ်မှုပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ များအတွက် အမှတ်တရ Post Card များ အားဆဌမအကြိမ်မြောက် အိမ်တိုင်ရာ ရောက် ဂုဏ်ပြုပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရော ဂါကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့  Comment Box မှဝင် ရောက်ယှဉ်ပြိုင်သူများအား  နိုင်င်ငံတော်သမ္မတရုံးမှ ပေးအပ်သော အမှတ်တရ Post Card များ အားအိမ်တိုင်ရာ ရောက်လိုက်လံပေးအပ်ခြင်း ကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြသည်။
Subscribe to