မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကြက်သွန်ဖြူနှင့် အာလူးများ ဈေးနှုန်းသက်သာစွာဖြင့် သမဝါယမအသင်းသားများအား ရောင်းချပေး
မွန်ပြည်နယ်၊ ရေးမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ကိုဗစ် -၁၉ ရောဂါကာလအတွင်း ရပ်ကွက်/ကျေးရွာ သမဝါယမအသင်းစုအသီးသီးရှိ အသင်း သားများအား ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍ ကြက်သွန်ဖြူနှင့် အားလူးများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။