စစ်ကိုင်း စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ အချိန်က စစ်ကိုင်း မြို့၏ အချက်အခြာကျပြီး လူစည်ကားသည့်နေရာများတွင် အလှူရှင်များက ယာဉ်ထိန်း တပ်ဖွဲ့များနှင့်ပူးပေါင်း ၍ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်လာသူများအား နှာခေါင်းစည်း များ တပ်ဆင်စေခြင်းအသိပညာပေးနှိုး ဆော်ပေးကာ နှာခေါင်းစည်းနှင့် Face Shield များ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
" ကျွန်တော်တို့ရပ်ကွက်ထဲက အလှူရှင်တွေက နှာခေါင်းစည်းတွေ/ Face Shield တွေကို ပြင်ပ ထွက်လာသူပြည်သူ မည်သူမဆို အခမဲ့လှူဒါန်းပေးပါဆိုလို့ လုပ်အားဒါနအဖြစ် အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတွေနဲ့ ပူးပေါင်းပြီး အခုလို လူစည်ကားတဲ့ နေရာ တွေ မှာ လိုက်လံလှူဒါန်းဖြန့် ဝေပေးတာပါ ဒီရောဂါက နေရာဒေသအသီးသီးကို ပျံ့နှံ့လာ နေပါ ပြီ တစ်ဦးတစ်ယောက်ကနေ စည်ကမ်းရှိမှပါ အခုလို အပြင်ထွက်တိုင်း နှာခေါင်းစည်း တွေ ကို စနစ်တစ်ကျတပ်မှသာလျှင် ကူးစက်မှုလျော့နည်း လာမှာပါ " ဟု ပိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာန ဆိုင် ရာများ၊ အလှူရှင်များ၊ မြို့ပေါ်ရှိ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ အခြား အဖွဲ့အစည်း များက ရောဂါကူးစက်မှု လျော့နည်းစေရန် ကျန်းမာရေးအသိပညာများ နှိုးဆော်ပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးနေခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိကြ ကြောင်းသိရသည်။
ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)