မြောင် စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင် လျှပ်စစ်မြစ်ရေတင် ကွင်းများတွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များအား စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီသိန်း၊ ခရိုင်SMSတာ၀န်ခံ (မြေ/မျိုး)နှင့်အဖွဲ့တို့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရွှေပေါက်ပင် လျှပ်စစ်မြစ်ရေတင်ကွင်းအတွင်း စိုက်ပျိုးထားသော ဆင်းသုခ မိုးစပါး(၃၃)ဧက စိုက်ပျိုးထားရှိမှုအား စိုက်စနစ်မှန်ကန်မှု၊မျိုး ကွဲကင်းစင်မှု၊ ပိုးမွှားရောဂါကျ ရောက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စိုက်ပျိုး တောင်သူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်(၁၈၀)ဧကကို တောင်သူ(၁၁၁)ဦးက အကောင်အထည်ဖော်စိုက်ပျိုးထားရှိကြောင်းသိရှိရပါသည်။
တင်ကိုကို(ပြန်/ဆက်)