လမ်းမတော်မြို့နယ် UMFCCI တွင် Investment Development Committee ၏ ဒုတိယ အကြိမ် မြောက် အစည်းအဝေးကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် Investment Development Committee ၏ဒုတိယ အကြိမ်မြောက် အစည်းအဝေးကိုယမန်နေ့ညနေပိုင်းတွင် Video conferencing ဖြင့် ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးသာနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

လောင်းလုံးမြို့နယ်၊ သောကြာပြင်စျေး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဒုတိယအကြိမ်ထပ်မံစစ်ဆေးမှုပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်ဖြင့် သောကြာပြင်စျေးတွင် နှာခေါင်းစည်း တပ်ဆင်၍​စျေးရောင်းစျေးဝယ်မှု ရှိ/မရှိ ကို ဒုတိယအကြိမ် ထပ်မံကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မတူပီမြို့အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၁၄ ဦးရှိ

ချင်းပြည်နယ် ၊ မတူပီမြို့ ( COVID-19) ရောဂါ၊ ကာကွယ်၊ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ မတူပီမြို့အတွင်း ပြည်ပ နှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း (၁၄) ဦး ရှိကြောင်း မတူပီမြို့ (COVID-19)ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

ငါ့သရောက်မြို့၌ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းသစ်ပင်စိုက်ပျိုး

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ အမှတ် (၂) ဈေးကုန်းရပ်ကွက် ဘိုချိုဘုရားအနီး မြနန္ဒာကန်ဘောင်ပတ်လည် တွင် အရိပ်ရသစ်ပင်၊ ပန်းပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

နောင်ချိုမြို့ သဖန်းကိုင်းဘုန်းတော်ကြီးကျောင်းတွင် Quarantine Centre ထားရှိနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးအတွက် Quarantine Centre ထားရှိနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သဖန်းကိုင်း ဘုန်းတော်ကြီးကျောင်းတွင် သဖန်းကိုင်းဆရာတော်၏ ဦးဆောင်မှုနှင့်အတူ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းနှင့် မြို့နယ်ကြက်ခြေနီ အသင်း တပ်ဖွဲ့ဝင်များက ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးကြည့်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအုပ်စု မန်ကန်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဘုန်းတော်ကြီးကျောင်းဆောင်သစ် တည်ဆောက်ခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံခန်ခွဲ့မှု ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးတို့က ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဝန်းသိုမြို့နယ်၊ သဖန်းဆိပ်ကျေးရွာတွင် ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းလုပ်ငန်းခွဲများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းကို ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ သဖန်းဆိပ်ကျေးရွာတွင် Cash For Work စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀ဖြင့် ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းအသုံးပြုပြီး ၆၀ရာခိုင်နှုန်းကို လုပ်အားခ ပေးချေသည့်စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းခွဲများအားလုံးရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် MV.SUN BRAVE သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V APL PUSAN သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး ၊ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MT CANOPUS သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး၊ ဘရာဇီးနိုင်ငံမှလာရောက်သည့် MTM NEW YORK သင်္ဘောပေါ်မှ သင်္ဘောသား(၁၈)ဦး၊ စုစုပေါင်းသင်္ဘောလေးစီးပေါ်မှ သင်္ဘောသား (၅၃)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

ခိုင်ကမ်းမြို့တွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ နှစ်နှစ်အထိ ကလေးများအား စတုတ္ထ သုံးလပတ် ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ မြို့တွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂) နှစ်ထိကလေးငယ်များသို့ တတိယအကြိမ်နှင့်စတုတ္ထအကြိမ်အတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Subscribe to