ပင်းတယ စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး တို့အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ယာယီဈေး၌ နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်း၊ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေနှင့် ဝန်ထမ်းများတို့က ယာယီဈေးသို့လာရောက်သည့် ဈေးသူဈေးသားများနှင့် ဈေးဝယ်များအား နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ကြရန် ဟောပြောပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး၍ ကျန်းမာရေးအသိပညာပေးပြောကြားပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)