နမ့်စန်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

နမ့်စန် (တ) စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်မှုအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများကို  ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် SRHR (Sex and Reproductive Health and Rights) အဖွဲ့မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို  Facility Quarantine အဆောက်အဦတွင် သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

SRHR အဖွဲ့မှ Project Manger ဦးခွန်ကီးနှင့် ဝန်ထမ်းများက  Facility Quarantine ဆောင်ရွက်ထားသည့် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာဆေးကုသဆောင်နှင့် (၄)ထပ် အဆောက်အဦ တို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့်ပြည်သူ ၃၀ ဦးကို ပဲနို့ ၊ အိုဗာတင်း ၊ ရေသန့် နှင့် မုန့်များ ၊ခေါင်းလျှော်ရည် ၊ လက်သည်းညှပ် ၊ ခေါင်းဘီး ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာခဲ ၊ ဆပ်ပြာမှုန့် များနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ စသည့် စုစုပေါင်း တန်ဖိုး ၄ သိန်းကျပ် ခန့်ရှိ ပစ္စည်းများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)