၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၃၅၉၇၄၉) ဦးရှိ

မြစ်ကြီးနား     စက်တင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၅၉၇၄၉) ဦးရှိကြောင်း မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရ သည်။

မြစ်ကြီးနားခရိုင်အတွင်း ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် (၂၅) ရက်နေ့မှ (၃၁) ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ လာရောက်ကြည့်ရှုသူဦးရေ (၁၃၀,၅၀၀)ကျော် လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံ(၃) ဖြင့် တောင်းဆိုသူ (၈၀၂၈)ဦး၊ ပုံစံ(၄)ဖြင့် ပယ်ဖျက်သူ (၃၈၀၆)ဦး၊ ပုံစံ (၄-ဂ) ဖြင့် အမှားပြင်ဆင်သူ (၅၇၃၄) ဦးရှိပြီး စုစုပေါင်း (၁၇၅၆၈) ဦးရှိကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၈၆)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၀)ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၃၂)ဦးရှိပြီး စုစုပေါင်း (၁၅၈)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြစ်ကြီးနားခရိုင်အတွင်း မဲရုံပေါင်း (၂၉၀)ရုံဖြင့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွား မည် ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးအောင်ထံမှသိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)