မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကြက်သွန်ဖြူနှင့် အာလူးများ ဈေးနှုန်းသက်သာစွာဖြင့် သမဝါယမအသင်းသားများအား ရောင်းချပေး

ရေး  စက်တင်ဘာ   ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ကိုဗစ် -၁၉ ကာလအတွင်း ရပ်ကွက်/ကျေးရွာ သမဝါယမအသင်းစုအသီးသီးရှိ အသင်းသားများအား ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်၍ ကြက်သွန်ဖြူနှင့် အာလူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။

မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးထွန်းရဲအောင်က ကိုဗစ်-၁၉ ရောဂါကာလအတွင်း မိမိတို့မြို့နယ် သမဝါယမအသင်းစု အသင်းသားများအား ဒေသပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဩဂုတ် လနောက်ဆုံးပတ်မှ စတင်ပြီး ကြက်သွန်ဖြူ ပိဿချိန်(၃၀၀)နှင့် အာလူး ပိဿချိန်(၃၀၀)တို့ကို အသင်းသားများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း ပြောကြားသည်။

ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သမဝါယမအသင်းစု(၆၂)စုရှိပြီး အသင်းစု(၈)စုတို့မှ အသင်း သားများအား ဒုတိယအကြိမ်အဖြစ် ကြက်သွန်ဖြူနှင့် အာလူးတို့ကို ရောင်းချပေးပြီး ပထမအကြိမ်အဖြစ် ဂေါ်ဖီထုပ်များကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)