နောင်ချို စက်တင်ဘာလ ၁၀
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းသို့ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က အလှူရှင်များမှ အလှူငွေနှင့်အောက်ဆီဂျင်ဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင်နောင်ချိုမြို့၊ စျေးရပ်ကွက်နေ "ဒါဒါဗိုလ်"အလှပြုပြင်ရေးမိသားစုမှ အလှူငွေ ၁၀၀၀၀၀/-(ကျပ် တစ်သိန်းတိတိ)အားလည်းကောင်း၊ ဘူတာရပ်ကွက်နေ(ဦးညို)နှင့်သမီး မဟေမွန်ရည်မှ အောက်ဆီဂျင် (၁) ဘူးနှင့် အလှူငွေ ၆၀၀၀၀/-(ကျပ်ခြောက်သောင်းတိတိ)အားလည်းကောင်း၊ ဘူတာရပ် ကွက်နေ မောင်ခန့်ရာဇာမိုးယံရွှေ၏ မွေးနေ့အလှူအဖြစ် အလှူငွေ ၁၀၀၀၀၀/-(ကျပ်တစ်သိန်းတိတိ) အား လည်း ကောင်း အသီးသီးလှူဒါန်းခဲ့ကြရာ နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်း ဥက္ကဌ ဦးနေဦးသာနှင့် အဖွဲ့များက လက်ခံခဲ့ကြသည်။
စေတနာမွန်လူမှုကူညီရေးအသင်းအနေဖြင့် အလှူရှင်များ၏ လှူဒါန်းမှုများအား မြို့နယ်၏ သာရေး/နာရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်းစားများ အား စားနပ် ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်း၊ လူမှုရေးကိစ္စများတွင် လိုအပ်သလို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းတို့ဖြင့် မြို့နယ်၏အကျိုးများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွက် အားထား ရသော ပရဟိတအသင်းဖြစ်ကာ အလှူရှင်များမှလည်း စဉ်ဆက်မပြတ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို (ပြန်/ဆက်)