ရွှေတောင်မြို့နယ်၌ မသန်စွမ်းသူ ၄၂၇ ဦးအား CERP အရ ထောက်ပံ့ငွေများပေးအပ်

ရွှေတောင်   စက်တင်ဘာ   ၁၀

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မသန် စွမ်းသူ ၄၂၇ ဦးအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ရွှေတောင် မြို့နယ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း မသန်စွမ်းသူ ၄၂၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂၈ သိန်း ၁ သောင်းကို ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်မှ ပေးအပ်ရာ တက်ရောက်လာသည့် မသန်စွမ်းသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များမှ လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)