ပင်းတယ စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ မိုင်းလီကျေးရွာအုပ်စု မိုင်းအင်ဈေးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယမန် နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၊ မြို့နယ် ရဲတပ်ဖွဲမှ တာဝန်ရှိသူများနှင့် မိုင်းလီကျေးရွာအုပ်ချုပ် ရေးမှူးတို့က မိုင်းအင်ဈေးသို့ အခြား မြို့နယ် များမှဈေးသည်များလာရောက်၍ ဈေးရောင်းချခြင်း ရှိ/မရှိနှင့် ဈေးအတွင်းရှိ ဈေးသည်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး နှာခေါင်း စည်းများ ကိုနစ်တကျ တပ်ဆင်ကြရန်နှင့် သတ်မှတ်ထားသည့်အကွာအဝေးအတိုင်း ဈေးရောင်း ချခြင်းများ ပြုလုပ် ရန် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကြိုတင်ကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ မြို့မဈေး၊ ယာယီဈေးနှင့် ကျေးရွာများရှိဈေးများတွင် စနစ်တကျ ဈေးရောင်းချနေမှုများကို သက်ဆိုင် ရာတာဝန်ရှိသူများမှ အပတ်စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိ ကြောင်းလည်းသိရသည်။
ခင်မျိုးနွယ်(ပင်းတယ)