ဘောဂလိမြိုတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေး များ ကွင်းဆင်းထိုးနှံပေး

ဘောဂလိ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဝင်ငွေနည်းပါးသော ပြည်သူများ အဆင်ပြေစေရန်နှင့် တိရစ္ဆာန်များ ကူးစက် ရောဂါများမှ ကြိုတင် ကာကွယ်ရန်ရည်ရွယ်၍ ဘောဂလိမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နွားနှင့်ဝက်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ဘောဂလိမြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံစောခင်စိုးမှူးက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး၊ တိရစ္ဆာန်ကူးစက် ရောဂါများနှင့်ပတ်သက်၍ အသိပညာပေး  ပြောကြားခဲ့ပြီးနောက် ရပ်ကွက်အတွင်းရှိ မွေးမြူထားသော ဝက်များအား  ဝက်သွေး အားနည်းနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်ကြသော ပြည်သူများအား လိုအပ်သော အကူအညီ များနှင့်  အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)