သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲ ရှိသော ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားပြည်သူများအား ဆန် ဆီများထောက်ပံ့ပေးအပ်

သုံးခွ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အဇန်းတောစွန်း ကျေးရွာ အုပ်စု သဲကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော ပုံမှန်ဝင် ငွေမရှိသောအခြေခံ လူတန်းစားပြည်သူများအား ဗုဒ္ဓဘာသာ ချီကျိ ဖောင်ဒေးရှင်း(ရန်ကုန်) က ယမန်နေ့နံနက်ပိုင်းက ဆန်၊ဆီ များထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် အဇန်းတောစွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်မော် က ကြီးကြပ်မှုဖြင့် သဲကုန်းကျေးရွာ မှ အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်တင်းခွဲအိတ် တစ်အိတ်၊ ဆီနှစ်လီတာတစ်ဘူးစီ ထောက်ပံ့ လှူဒါန်းပေးပြီး ကျေးရွာအုပ်စုအတွင်ရှိ အဇန်းတောစွန်း၊ ကမာကယာ၊ သဲကုန်းကြီး၊ သဲကွဲကျေးရွာများရှိ အိမ်ထောင်စုများအား ကျေးရွာကိုယ်စားလှယ်များထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရပြီး လှူဒါန်းခဲ့သည့် အိမ်ထောင်စုစုစုပေါင်းမှာ (၅၃၇)စု  ဖြစ်ကြောင်းသိ ရှိရသည်။

စည်သူလင်း ပြန်/ဆက်