ကွန်ဟိန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအား ယနေ့ နံနက် ၆ နာရီ အချိန် ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဈေးရောင်းသူ၊ ဈေးဝယ်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မလိုအပ်ပဲ နေအိမ်ပြင်ပသို့ မထွက်ခွာရန်နှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ပြည်သူများသိရှိစေရန် ကျန်းမာရေးအသိပညာပေး ကြေညာချက်အား(မြန်မာ/ရှမ်း) နှစ်ဘာသာဖြင့် ကြေညာ ခြင်းများ ဆောင် ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စေတနာ့ဝန်ထမ်း အဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)