လှိုင်းဘွဲမြို့နယ်တွင် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့်ပိုးမွှားအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ      စက်တင်ဘာ ၁၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် ပိုးမွှားအန္တရာယ်ကြောင်း စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က တဝန်ဖန်ရကျေးရွာ တောင်သူဦးထူးကျော်၏ စပါးစိုက်ခင်းအတွင်း၌ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ကျဝန်ထမ်းများက တောင်သူဦးထူးကျော်၏ စပါးစိုက်ခင်းအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးနှင့်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် လိုအပ်သော နည်းစနစ်များ၊ ကာကွယ်စောင့်ရှောက်ရမည့်နည်းလမ်းများ၊ လိုအပ်ပါက ပိုးသတ်ဆေးဖျန်းခြင်းများ စနစ်တကျ အသုံးပြုနိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)