ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်း များ ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာ ဝန်ရှိသူ များသည် မြို့သစ်(က+ခ)ရပ်ကွက်၊ (ခ/၁၀)လမ်းနှင့် ပိန္နဲကုန်းရပ်ကွက် ရွာသစ်(၃)လမ်းဖြစ်သော နှစ်ရပ် ကွက်ဆက်စပ်လမ်း တောင်ဘက်အခြမ်းတစ်လျှောက်တွင် (၁၉၀၀x၂x၂)ပေရှိ အုတ်ရေမြောင်းပြုလုပ် ဆောင်ရွက်နေသော ခရိုင်ရေစီးရေလာစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ EE ဦးသန်း အောင်ဦး၏ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ခရိုင်ရေစီးရေလာစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ EE ဦးသန်း အောင်ဦး တာဝန်ယူဆောင်ရွက်နေသော ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၄) ကျောင်း ဘေးလမ်းနှင့် ကျောင်းနောက်ကျောလမ်းတွင် အုတ်ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ စစ်ဆေးရာ လုပ်ငန်းကြီးကြပ်အင်ဂျင်နီယာ ဦးအာကာစိုးမှ ပြီးစီးမှုပမာဏနှင့် ဆောင်ရွက် ဆဲလုပ်ငန်းများကို လိုက်လံရှင်းတင်ပြခဲ့ပြီး ဥက္ကဋ္ဌမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)