အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွား မှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒုတိယတာဝန်ခံ အင်ဂျင်နီယာ ဒေါ်မြမြချို တာဝန်ယူဆောင်ရွက်နေသည့် တောင်သူကုန်းရပ်ကွက်၊ အောင်မင်္ဂလာ (၃)လမ်း၊ပေ (၃၅၀၁၆)ရှိ ကွန်ကရိလမ်းခင်းရန် ပုံစံပြားရိုက်ပြင်ဆင်ခြင်း၊လမ်း Level ညှိခြင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်၊နိဗ္ဗာန်လမ်းမကြီးတစ်လျှောက် တွင် မိုးရွာလျှင် ရေမတင်စေရန် အုတ်စီ၍ လမ်း Level မြှင့်တင်ခြင်း၊အုတ်ကျိုးနှင့်သဲထည့်ခြင်း စသည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များကို ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)