ပြင်ဦးလွင် စက်တင်ဘာ ၁၀
ပြင်ဦးလွင်မြို့နယ်၌ ကိုဗစ် − ၁၉ ကာလအတွင်း ရပ်ကွက်ကြီး (၅) ရှိ အလက(၂) ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ Community Base Facility Quarantine Center ဖွင့်လှစ်ရန်ကြိုတင် ပြင်ဆင်ခဲ့ကြသည်။
ထို့နောက် ကိုဗစ် − ၁၉ ကာလအတွင်း Community Base Facility Quarantine Center အဖြစ်ထားရှိမည့် အလက(၂) ကျောင်းဝင်း အတွင်းနှင့်အပြင် ပတ်ဝန်းကျင်သန့်ရှင်းခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကုတင်များပြင်ဆင်ထားရှိခြင်းနှင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်လူနာများ ထားရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ် − ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် Community Base Facility Quarantine Center များ ပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက ရပ်ကွက်ကြီးများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်