လဟယ် စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့ မနက် ၉ နာရီအချိန်တွင် လဟယ်မြို့ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပ သည်။
ရှေးဦးစွာ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သိန်းက အဖွင့်အမှာ စကားပြောကြားပြီး ဒေသ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းမှ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်း ဆောင်ရွက် ရာတွင် လိုက်နာရမည့်အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များက ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ရှားဆက်(ပြန်/ဆက် )