သန်လျင် စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ကြပ်မတ် စစ်ဆေးလျက်ရှိပြီး စားသောက်ဆိုင်များကလည်း သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာများ ရှိနေခြင်းကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)