ပိုင်ကျုံနယ်မြေရဲစခန်း၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပိုင်ကျုံ၊ စက်တင်ဘာ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများကို ပိုင်ကျုံမြို့ ဒုရဲမှူး ဘတိုးနှင့်တပ်ဖွဲ့၀င်များ၊ မိသားစု၀င်များက ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ကျုံမြို့လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း mask များဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပိုင်ကျုံမြို့ အနှိုင်းမဲ့ဆုပန်ပြည့်ရွှေတိဂုံပုံတူ‌စေတီတော်ဘုရား၌ ပိုင်ကျုံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များနှင့်မိသားစု၀င်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)