ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဦးလွင်မြို့မှ ပြေးဆွဲနေသောမော်တော်ယာဉ်လိုင်းများအားလုံး ယာယီရပ်နား

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၁

ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့မှ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများအားလုံးကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ယာယီရပ်နားသွားမည် ဖြစ်ပါသည်။

ယခုအခါတွင်  ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် နေရာအနှံ့ပြန့်ပွားလျက်ရှိရာ  ပြည်သူများ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကူးစက်ပြန့်ပွားမှုရပ်တန့်စေရန်  ရောဂါကူးစက်ပြန့်ပွားနေသည့် နေရာဒေသများသို့ ပြင်ဦးလွင်မြိုမှ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအား  ယာယီရပ်နားလျက်ရှိသည်။

ဆက်လက်ပြီး ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကို ရပ်တန့်စေရန် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပြင်ဦးလွင်မြို့မှပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများအားလုံးအား ယနေ့နံနက်ပိုင်းမှစတင်ပြီး ယာယီရပ်နားသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)