နတ်တလင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့မရဲစခန်းအတွင်း ပြစ်မှုပြစ်ဒဏ်မကျမီ အချုပ်သားများအား အသိပညာဗဟုသုတ ပြည့်ဝစေရန်အတွက် စာအုပ်စာစောင်ငှါးရမ်းခြင်းကို ယမန်နေ့နံနက် နံနက်၁၀ နာရီက သွားရောက် ငှါးရမ်းပေးခဲ့သည်။
မြို့မရဲစခန်းအတွင်း အချုပ်ခန်းအတွင်းမှ အချုပ်သားနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဥ်ကာလ stay at home အဖြစ် နေထိုင်နေကြသော ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများလည်း အသိပညာဗဟုသုတ ပြည့်ဝစေရေးအတွက် တစ်လလျှင် နှစ်ကြိမ်နှုံးဖြင့် စာအုပ်စာစောင်များကို ငှါးရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)