ဒိုက်ဦး စက်တင်ဘာ ၁၁
(၇၂)မိုင် အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီ အချိန်မှ ၉ နာရီ ၄၅ မိနစ်အချိန်တွင် ဒိုက်ဦးမြို့(၇၂မိုင်)အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး စခန်းမှူး ရဲအုပ်ဝင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် ရဲစခန်းရှေ့လမ်းကျယ်သည့် နေရာတွင် အမြန်လမ်းမကြီးဘေး ပတ်ဝန်းကျင် ကျေးရွာများမှ လမ်းမကြီး ပေါ်နှင့် လမ်းဘေးမြေသားလမ်းအား အသုံးပြုသွားလာနေကြသည့် ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်း၊ အမြန်လမ်းမကြီး ဥပဒေနှင့်ပတ်သက်၍ မှုခင်းအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြား ကာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင် သွားလာကြရန် မေတ္တာရပ်ခံပြောကြားခြင်းနှင့် Mask များ တတ်နိုင်သမျှ လှူဒါန်းဖြန့်ဝေပေးခြင်းများဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)