လိပ်သိုမြို့ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် KMSS တောင်ငူမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

လိပ်သို၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးတုန့်ပြန်ရေးစီမံချက်အရ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နံနက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တောင်ငူမြို့ (KMSS) မှ လက်ဆေးဘေစင်များ၊ Hand Gel များ၊ ဆပ်ပြာအုပ်၊ ဆပ်ပြာခဲများ၊ ရေပုံး၊ အမှိုက်ပုံးများနှင့် ခြေနင်းခုံများ စသည့်အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ တာ၀န်ခံ နော်အိသန္တာစိုးနှင့် စောဂရေဘယ်ထူးတို့ကပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)