ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ(၁)ရက် နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောရှီရှို ဦးဆောင်သော ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၈)နာရီအချိန်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့သည် ကျောက်ကြီးမြို့လယ်ရှိ ဇဗ္ဗူဧစေတီတော်အား ရောင်တော်ဖွင့်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ မြက်နှင့်အမှိုက်သရိုက်များ သန့်စင်ရှင်းလင်းပေးခြင်း၊ ရှင်သေဝလိခြေတော်ရာဘုရားတောင် တောင်တက်ရာ လမ်းတစ်လျှောက်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်